ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, September 20, 2012

Q and A September 2012 (6)

1. ကျမမှာ ဝက်သက်လား ရေကျောက်လားမသိ ဖြစ်နေပါသည်။
2. Septoplasty nastal splint removal ဆိုတာ ဘာပါလဲ။
3. ကျွန်မ၏ မိခင်မှာ မနက်အိပ်ရာထ တံထွေးထွေးရာ
4. ညဘက်ကို ဆီးခဏခဏ ထသွားရတာ တစ်နှစ်ကျော်လောက်ရှိပါပြီ။
5. ဆံပင်တွေကျွတ်ပြီး ထိပ်ပြောင်မည့်အနေအထား ဖြစ်နေပါတယ်။
6. အညာဒေသကပါ။ ငါးပိ အရမ်းကြိုက်ပါတယ်။
7. ဝမ်းသွားတဲ့အခါ စအိုနားက သွေးကျလာပါတယ်။
8. ဆီးကျန်တဲ့ရောဂါ ဖြစ်ခဲ့ပါတယ်။
9. တွဲဖက်မစားသင့်သော အစားအစာကို စားခဲ့မိပါတယ်။

Wed, Sep 19, 2012 at 9:49 AM
အခု ကျမမှာ ဝက်သက်လား ရေကျောက်လားမသိ ဖြစ်နေပါသည်။ ကျမအသက်က ၃၁ နှစ်ပါ (့) မှာ Autocad နဲ့ အလုပ်လုပ်နေပါသည်။ စပီးယားတာက 12-9-12 လောက်ကတည်းကပါ။ အဖုတွေစထွက်တာက 15-9-12 မှာပါ။ အဲ့အရင်တပတ်လောက်က တပတ်လုံး ငပိရည်ကျိုစားမိပါသည်။ 14-9-12 ညနေက ရေကူးကန်မှာ ရေကူးခဲ့ပါသေးသည်။ 17-9-12 မှာ ဆေးခန်းပြခဲ့ပါသည်။ ဆရာဝန်မှစားဆေးနဲ့ လိမ်းဆေးပေးခဲ့ပါသည်။ ယခုအဖုများမှာ ပေါင်ခြံ၊ ပေါင်၊ ဝမ်းဗိုက်၊ ရင်သား၊ မိန်းမအဂါင်္နဲ့ တင်သားများတွင် ပိုပြီးပွားလာပါသည်။ မည်သို့ ကုသရမည်၊ မည်သည့်ဆေး သောက်ပြီး လိမ်းရမည်ကို ညွှန်ပြပေးစေလိုပါသည်။ ဓါတ်ပုံများလည်း တွဲပြီးပို့လိုက်ပါသည်။

"စပီးယားတာက" ဆိုတာကို နားလည်အောင် အတော်ကြာသွားတယ်။ အင်္ဂလိပ်အသံထွက်မှတ်နေတာ။ ခေတ်စကား၊ ဘန်းစကားလားလဲ စဉ်းစားရတယ်။ "စပြီး" ဆိုမှသာ မှန်ပါတယ်။ ရေးပြတာနဲ့ ဓါတ်ပုံတွေအရ ရေကျောက်၊ ဝက်သက် မဟုတ်လောက်ပါ။ အလာဂျီ ရတာဖြစ်မယ်။ ရေကျောက် နဲ့ ဝက်သက် ဆိုရင် ဖျားတာ၊ နှာရည်ယိုတာ၊ နှာချေတာက အရင်လာမယ်။ အလာဂျီ စာ ၂ ပုဒ်ပို့ပါတယ်။ ဆေးလဲ ဝယ်ရတာ လွယ်ပါမယ်။ Cetrizine tablet သောက်ပြီး၊ Calamine lotion လိမ်းပါ။ ချက်ချင်းသက်သာမယ်။ မတည့်တာနဲ့ ထပ်တွေ့ရင် ထပ်ဖြစ်မယ်။

Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း
Allergy သို့မဟုတ် မတည့်အတူနေ
Allergic rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducationblogspotcom/2010/08/allergic-rhinitishtml
Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducationblogspotcom/2011/05/allergy-medicationshtml
• Allergic Rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducationblogspotcom/2010/08/allergic-rhinitishtml
• Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducationblogspotcom/2010/05/allergyhtml
• Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင် http://dts-medicaleducationblogspotcom/2010/09/chronic-allergieshtml
• Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducationblogspotcom/2011/05/allergy-medicationshtml
• Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducationblogspotin/2012/04/allergy-relief-kithtml
• Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး http://dts-medicaleducationblogspotin/2012/03/10-common-allergy-triggershtml

Tue, Sep 18, 2012 at 5:15 AM
Septoplasty nastal splint removal ဆိုတာ ဘာပါလဲ။
Septoplasty ဆိုတာ နှာခေါင်းခွဲစိတ်ပြုပြင်နည်းဖြစ်တယ်။ Nasal septum ခေါ်တဲ့ နှာခေါင်း ဘယ်-ညာကို ကန့်ထားတာကို ဖြောင့်အောင်လုပ်ပေးမယ်။ တချို့အထူးကုဆရာဝန်တွေက Nasal splints ခေါ်တဲ့ အတွင်းထဲမှာ စီလီကွန်အနုစားတခုကိုသုံးတယ်။ Septorhinoplasty ခေါ်တယ်။ တချို့မသုံးဘူး။ သုံးတာတဲ့ အဲဒီဟာ ပြန်ထုတ်တာကို Septoplasty nasal splint removal ခေါ်တယ်။

Tue, Sep 18, 2012 at 6:47 AM
ကျွန်မ၏ မိခင်မှာ မနက်အိပ်ရာထ တံထွေးထွေးရာ အညိုရောင် ဖြစ်နေတတ်ပါသည်။ ညအိပ်ရာ ဘယ်ဘက်ခြမ်း စောင်းအိပ်လျှင် ညာဘက်လည်ချောင်းဘက်မှ တခုခုကျဆင်းလာသလို ခံစားရပါသည်။ လျှာအဖျားမှ ပူစပ်ပူလောင်လည်း ခံစားရပါသည်။ တခါတရံ ချောင်းဟတ်ရင်လည်း အရည်ကြည်ဖတ် သေးသေးထွက်ကျတတ်ပါသည်။ ကျန်သည့်အပိုင်း များကတော့ အကုန်ကောင်းပါသည်။ စားလည်းစားနိုင်ပါသည်။ အလေးချိန်လည်း ပုံမှန်ရှိပါသည်။ လွန်ခဲ့သော ၅ နှစ် ၆ နှစ်ခန့်က သိုင်းရိုက်အဆိပ်ဖြစ်ဘူးပါသည်။ နားနှာခေါင်း လည်ချောင်း ဆရာဝန်ပြရာ အာခေါင်ရောင်သည် ပြောပါသည်။ loratadine Inn 10mg (ELO) ကို ည ပိုင်း ၁လုံး နှင့် augmex/augmentin 375mg ကို ၁နေ့ ၃ ကြိမ် သောက်ခိုင်းပါသည်။ အထွေထွေ အထူးကုမှ သွေးတိတ်ဓါတ်နည်းသည်ဟု ပြောပါသည်။ နောက်ဆုံး သွေးစစ်ချက်အရ သွေးနီ 111 သွေးဖြု 7140 သွေးတိတ်ဓါတ် 758000 ရှိပါသည်။ Orofer(syrup), cevit, forlic acid ကို ၁နေ့ ၁ကြိမ်နှင့် ၃ လ သောက်ခိုင်းပါသည်။ အခု အခြေအနေမှာ သက်သာသလို ရှိနေရာမှ ပြန်လည် ထွက်လာပါသည်။ ဆရာဝန် ၂ ယောက်စလုံးမှ depression လည်း ရှိပုံရသည်ဟု ပြောပါသည်။ သိချင်သည်မှာ မည်သို့ ဆက်လက်ကုသရမည်နှင့် မည်သည့်ရောဂါ ဖြစ်သည်ကို ပြောကြား စေချင်ပါသည်။

အညိုရောင်ဆိုတာ သွေးဘဲဖြစ်နိုင်တယ်။ သေခြာအောင်ကတော့ သွေးနီဥ ပါ-မပါ မှန်ဘီလူးနဲ့ စစ်မှသိမယ်။ သွေးမှုံ Platelets နည်းနေရင် သွေးမခဲတာဖြစ်မယ်။ သွေးမခဲရင် သွေးယိုတယ်။ မျက်စိနဲ့ မမြင်ရဘဲ ယိုနေတာလဲဖြစ်နိုင်တယ်။ ကြာတော့ သွေးအားနည်းလာမယ်။ ကုသပေးနေတဲ့ ဆရာဝန်ကပြောမယ်ထင်ပါတယ်။ မပြောသေးလဲ မေးပါ။ အသေအခြာကုဘို့သင့်ပါတယ်။ လည်ချောင်းမှာဖြစ်တာမျိုးက ဆေး တပ်လည်သောက်ရင် ပျောက်တာပါ။ ထပ်တော့ဖြစ်တတ်တယ်။ သွေးအားနည်းနေသူတွေမှာ ရောဂါပိုး ဝင်လွယ်ကြတယ်။

Tue, Sep 18, 2012 at 2:36 PM
ကျွန်တော် အသက် ၂၇ နှစ်ပါ။ ညဘက်ကို ဆီးခဏခဏ ထသွားရတာ တစ်နှစ်ကျော်လောက်ရှိပါပြီ။ အိပ်ရေးလည်း အရမ်းပျက်ပါတယ်။ နေ့ခင်းဖက်လည်း သွားပါတယ်။ ညဘက်က မအိပ်ခင်ဆိုအရမ်းသိသာပါတယ်။ ရေ တစ်ငုံလောက် သောက်ပြီးလို့ အိပ်ယာထဲဝင် အိပ်ဖို့ ကြိုးစားနေတဲ့အချိန် အိပ်မပျော်ခင် ဆီးသွားချင်နေပါတယ်။ အဲကြောင့် တော်တော်နဲ့ အိပ်မပျော်ဖြစ်ရပါတယ်။ အိမ်ပျော်နေတယ့်အချိန်ဆိုလည်း ၂ နာရီခြားတစ်ခါလောက် သွားနေရပါတယ်။ နေ့ခင်းဖက်မှာ ရေကို ထမင်းစားပြီး အနည်းငယ်ပဲ သောက်မှ ညဘက်မှာ ဆီးသွားဖို့ တစ်ခါလောက်ပဲ ထရပါတယ်။ အများဆုံး ၂ ခါလောက်ပါပဲ။ ကျောက်ကပ်တစ်ခုခု များဖြစ်နေသလားဆရာ။သူများတွေက ကျောက်ကပ်မကောင်းလို့ ရှိရင်လည်း ဆီးအများကြီး ညဘက်ခဏခဏ ထသွားရတတ်တယ်ပြောလို့ပါ။ ကျောက်ကပ် မကောင်းရင် ဖြစ်ပေါ်လာတဲ့ လက္ခဏာများနဲ့ ကျောက်ကပ်အကြောင်းကိုလည်း ပြည့်ပြည့်စုံစုံ သိပါရစေ။

အရင်ဆုံး ဆီးချို စစ်ပါ။ မရှိရင် ထပ်ပြောပါ။ ရှိရင်လဲ ထပ်ပြောပါ။

Mon, Sep 17, 2012 at 2:59 PM
ကျွန်တော်နာမည်က (့) ပါ။ မန်းလေးမှာမွေးတာပါ။ (့) မှာ ဦးစီးအရာရှိ အလုပ်သင်ပါ။ အသက်က၂၉ နစ်ပါ။ ဆံပင်တွေကျွတ်ပြီး ထိပ်ပြောင်မည့်အနေအထား ဖြစ်နေပါတယ်။ အိမ်ထောင်လည်းမကျသေးပါ။ ထိပ်ပြောင်ခြင်း ဆပင်ကျွတ်ခြင်းများကို မည်သို့ကာကွယ်ရမည်နည်း ဆိုတာကို လမ်းညွှန်ပေးစေချင်ပါတယ်။

Hair Loss ဆံပင် ကျွတ်ရင်
Hair Loss in Women Treatments ဆံပင်ကျွတ်တာ ဘာနဲ့ကုမလဲ
Hair & Health ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ်

Mon, Sep 17, 2012 at 1:13 PM
ကျွန်တော်တို့က အညာဒေသကပါ။ ငါးပိ အရမ်းကြိုက်ပါတယ်။ ငါးပိကို နည်းမျိုးစုံ ကြော်ချက် စားပါတယ်။ ဘာဟင်းပဲ ချက်ချက် ငါးပိ ပါတာများပါတယ်။ အခု နိုင်ငံခြားရောက်တော့လည်း ငါးပိကို ရအောင် ရှာပြီး ဝယ်စားပါတယ်။ အသိသူငယ်ချင်းက ငါးပိထဲမှာ ရောဂါ ပိုးအမြောက်အများပါလို့ ဘီးပိုးဖြစ်နိုင်တယ်လို့ပြောပါတယ်။ အခြားရောဂါတွေလည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ တစ်ချို့ ကလည်း ငါးပိစားထားတော့ တော်တန် ရောဂါပိုး မဝင်နိုင်ဘူးတဲ့။ ဆရာဝန်တွေ အနေနဲ့ ဆေးပညာရှုထောင့်ကနေ ငါးပိကိုရေးထားတော့ မဖတ်ဘူးသေးပါဘူး။ ဆရာအနေနဲ့ အဆင်ပြေမယ်ဆိုရင် ငါးစားခြင်းကြောင့် ဖြစ်ပေါ်တဲ့ ကျန်းမာရေး ဆိုးကျိုးကောင်းကျိုးတွေကို သိပါရစေ။

ဟုတ်ကဲ့ အချိန်ရှာပြီး ရေးပါမယ်။ သေခြောတာတခုက ငါးပိကနေ ဘီ ပိုးမရစေနိုင်ပါ။

Thu, Sep 20, 2012 at 10:26 AM
ကျွန်တော် အသက် (၃၈)နှစ်ပါ။ နိုင်ငံခြားမှာ အလုပ် လုပ်နေတာပါ။ ဝမ်းသွားတဲ့အခါ စအိုနားက သွေးကျလာပါတယ်။ အမြဲတမ်း တောက်လျှောက်ကျနေတာမျိုးလည်း မဟုတ်ပါဝမ်းသွားတဲ့အခါမှ သွေးကျ လာတာပါ။ နေ့တိုင်းလဲ မဟုတ်ပါ။ ၁ လမှာ ၁-၂ ခါလောက်ပါ။ ဓါတ်ပုံတွေ ပို့လိုက်ပါတယ်။ ဘာရောဂါလဲ၊ ဒီရောဂါ ပျောက်အောင် ဘာဆေးသောက်ရမလဲ။ ဘယ်လိုနေထိုင်ရမလဲဘာတွေ၊ ဆောင်ရမလဲဘာတွေ ရှောင်ရမလဲ အသေးစိတ် ရှင်းပြပေးပါ။

1. Anorectal diseases စအို-အစာဟောင်းအိမ် ရောဂါများ
2. Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ
3. Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ

Thu, Sep 20, 2012 at 10:56 AM
Thank you very much for your kind reply. Your reply mail is very beneficial for me. Please also let me know the name of disease as per the attached photos.

Please go through the articles. You will come to know which is yours. The photos are helpful but not good enough to decide the diagnosis. A doctor needs thorough history and exam.
Most possible is piles But the color photo shows something around anus I suspect ulcers or sores. Therefore I sent two writings so that you can assume If you have sores around anus it can be FIA. But FIA (Fistula) does not bleed. If it is FIA (Fissure) it is painful while you use the bathroom It can bleed a bit. Piles are common and bleed if stool is hard.

2012/9/19
ကျွန်တော် အသက်က ၃၁ နှစ်ရှိပါပြီ။ ရှစ်တန်းကျောင်းသား အရွယ်ကစပြီး ဆီးကျန်တဲ့ရောဂါဖြစ်ခဲ့ပါတယ်။ ဆီးသွားရင် ဆက်သွားချင်သော်လည်း ဆက်သွား၍မရပါ။ တစ်ခါတစ်ရံ ထိုင်လိုက်တဲ့အခါမှာ ဆီးနည်းနည်း ထွက်တတ်ပါတယ်။ မကြာခဏ ဆီးသွားချင်နေတတ်ပြီး သွားလို့လည်းရပါတယ်။ အိမ်သာတက်ရင်လည်း ဆီးနည်းနည်းချင်း ဆက်တိုက်သွားတတ်ပါတယ်။ ရောဂါဖြစ်ကတည်းက ဘယ်ဆေးခန်းမှမပြဘူးပါ။ ဘယ်လို လုပ်သင့်တယ် ဆိုတာကို ဖြေပေးပါဦးဆရာ။

ဆီးစစ်ဘူးသလား။ ဆေးစစ်ဘူးပါသလား။ ဆရာဝန်ပြဘူးပါသလား။ ဆီးကျောက်၊ ဆီးအနယ်ပါတာ သတိထားမိပါသလား။ ဆီးသွားရင် နာပါသလား။

2012/9/20
မစစ်ဖူးပါခင်ဗျာ။ ဆီးကျောက်၊ ဆီးအနယ်ပါတာမရှိပါ။ ဆီးသွားရင်နာကျင်မှု မရှိပါခင်ဗျား။

ဆရာဝန်တော့ပြသင့်တယ်။ ဆီးစစ်ခိုင်မယ်။ ဆီးလမ်းကို စမ်းကြည့်မယ်။ လိုအပ်ရင် (အာလ်ထွာဆောင်း) ၇ိုက်ခိုင်းမယ်။ ရောဂါနာမည်မသခြောဘဲ ဆေးပေးတာ မကောင်းပါ။ ဒီအသက်မှာ ပြေတာတွေ အများဆုံး ခံစားရတတ်တဲ့ ဆီးကျိတ်ရောဂါမဖြစ်ပါ။

Thu, Sep 20, 2012 at 11:54 AM
တွဲဖက်မစားသင့်သော အစားအစာကို စားခဲ့မိပါတယ်။ Watermelon & egg စားပြီးနောက် ခေါင်းတွေ မူးလာပြီး အန်ချင်လာပါတယ်။ အခုတော့ သက်သာသွားပါတယ်။ နောက်ဆို အခုလိုဖြစ်ရင်၊ အဆိပ်သင့်စေတဲ့ အစားအစာတွေ စားမိပြီးရင် ဘယ်လိုအမြန်ဆုံး Treatment လုပ်ရမှာလဲ ကျေးဇူးပြူ၍ ဖြေကြားပေးပါ။

• Food combination အစားအစာ ဘယ်လို တွဲစားသင့်ပါသလဲ http://dts-medicaleducation.blogspot.in/2012/06/food-combination.html
• Foods you cannot eat together တွဲဖက်၍ မစားသင့်သော အစာများ http://dts-medicaleducation.blogspot.in/2012/06/blog-post.html